Saturday, March 8, 2014

ကာလဒါန

ကာလဒါနဆိုတာ လောကအတွက်တကယ်
လိုအပ်မဲ့နေရာမှာ လှူတာမျိုးပြောတာ။ အဲဒီ
ကာလဒါနအလှူရှင်ဟာ ဖြစ်ရာဘ၀ချမ်းသာ
တဲ့အခါ ပထမအရွယ်ငယ်ငယ်လေးကတည်း
ကချမ်းသာတယ်။ ပြီးတော့လိုတာကိုလှူခဲ့တဲ့
အတွက် မိမိရဲ့လိုအင်ဆန္ဒတွေဟာ ချက်ချင်း
ပြည့်တယ်။ ရွှေပြည်သာမြို့မှာ မိးမဖွားနိုင်တဲ့
မိခင်လောင်းတွေကို ခွဲစိပ်ကုသဖို့အတွက်
ငါပေးလှူနေတာ ခြောက်နှစ်ကျော်လောက်ရှိ
သွားပြီ။

ဒါကိုနှစ်သက်ကယ်အလှူလို့ခေါ်တယ်။ မိခင်
အသက်ကိုကယ်ရင်း ရင်သွေးငယ်ရဲ့အသက်
ကိုပါ ကယ်ပြီးသား ဖြစ်သွားတာပေါ့။   ဒါမျိုး
အလှူကို မြန်မာသူဋ္ဌေးတွေ များများလှူသင့်
တယ်။ အကာလဒါနဆိုတာကတော့ လောက
အတွက် တကယ်မလိုအပ်ပဲ လှူတာမျိုးပေါ့။
ဥပမာ စေတီရင်ပြင်မှာ ဘိုးဘိုးအောင်ရုပ်တု
တွေ၊ ဘိုးမင်းခေါင်ရုပ်တုတွေ၊ ထွက်ရပ်ပေါက်
ဂိုဏ်းက ဘုန်းကြီးပုံတွေ ဒါမျိုးတွေလှူတာက
လောကအတွက် သာသနာအတွက် တကယ်
မလိုအပ်ဘူး။ ဒီရုပ်တုတွေမရှိလည်းဖြစ်တယ်။

 ဒီလို မလိုအပ်ပဲ ရမ်းလှူတဲ့ အလှူရှင်တွေဟာ
ကုသိုလ်တော့ရပါတယ်။ ဒါကြောင့် နောက်ဘဝ
ကျချမ်းတော့ ချမ်းသာမယ်။   ဒါပေမဲ့ တတိယ
အရွယ်အိုမှပဲ ချမ်းသာတတ်တယ်။ ဒါကြောင့်
မိမိရဲ့ချွေးနည်းစာကိုလှူတော့မယ်ဆိုရင်လောက
အတွက် သာသနာအတွက် တကယ်လိုအပ်တဲ့
နေရာမှာ လှူသင့်တယ်။

ဉာဏ်ယှဉ်သောဒါနဆိုတာ လောကအတွက်၊
သာသနာအတွက် ကျေးဇူးများမဲ့နေရာကိုစဉ်းစား
တွေးခေါ်ပြီး လှူတာမျိုးကိုပြောတာ။ ဒီအလှူရှင်
တွေဟာ ဖြစ်ရာဘ၀မှာချမ်းလဲချမ်းသာတယ်။
ဉာဏ်လည်းကောင်းတယ်။ ဘုရားရှင်ရဲ့တရားကို
တစ်ကြိမ်နာလိုက်ရုံနဲ့ ရဟန္တာဖြစ်သွားတယ်ဆိုတာ
ဒီလိုဉာဏ်ယှဉ်တဲ့ဒါနကိုပြုခဲ့သူတွေပေါ့။

ဉာဏ်မယှဉ်သောဒါနဆိုတာကတော့ လောက
အတွက်၊ သာသနာအတွက် ကျေးဇူးများမများ
မစဉ်းစားဘဲ ရမ်းလှူကြတာမျိုးပေါ့။ ဒိအလှူရှင်
မျိုးတွေဟာ လှူတဲ့အတွက်တော့ နောက်ဘဝ
ချမ်းသာတယ်။ ဒါပေမဲ့ဉာဏ်မကောင်းဘူး။
ဒွိဟိတ်ပုဂ္ဂိုလ်မျိုးဖြစ်ပြီး မဂ်ဖိုလ်နဲ့ဝေးသွားတတ်
တယ်။    ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဒါနမှာ
မျှော်လင့်ချက်ဆိုတဲ့လောဘဓာတ်ပါနေလို့ပဲ။

မေတ္တာရှင်ရွှေပြည်သာ
လူငယ်များအတွက်ဂမ္ဘီရ၀ိပဿနာအတွဲ(၇)

No comments:

Post a Comment